Foreign Quota
ထိုင်းနိုင်ငံရဲ့ ကွန်ဒိုတိုင်းဟာ 51% က ထိုင်းလူမျိုးဝယ်ယူခွင့် ဖြစ်ပြီး ကျန်တဲ့ 49% ကပဲ နိုင်ငံခြားသားဝယ်ယူခွင့်ဖြစ်တာကြောင့်၊ ကိုယ်ဝယ်ယူမယ့် ကွန်ဒိုသည် foreign quota 49% ထဲပါဖို့ လိုအပ်ပါတယ်။
ဘန်ကောက်ကွန်ဒို ဝယ်ယူမည့် Myanmar Buyers များအတွက် Freehold, Foreign Quota, FET Form, cost နှင့် investment logic ကို နားလည်လွယ်အောင် ရှင်းပြထားသော guide ဖြစ်ပါသည်။
ထိုင်းနိုင်ငံရဲ့ ကွန်ဒိုတိုင်းဟာ 51% က ထိုင်းလူမျိုးဝယ်ယူခွင့် ဖြစ်ပြီး ကျန်တဲ့ 49% ကပဲ နိုင်ငံခြားသားဝယ်ယူခွင့်ဖြစ်တာကြောင့်၊ ကိုယ်ဝယ်ယူမယ့် ကွန်ဒိုသည် foreign quota 49% ထဲပါဖို့ လိုအပ်ပါတယ်။
ငွေကို ထိုင်းနိုင်ငံပြင်ပမှ တိုက်ရိုက်လွှဲဝင်လာကြောင်း သက်သေပြတဲ့ bank document အရေးကြီးပါတယ်။
အခန်းတန်ဖိုးအပြင် Transfer Fee, Common Fee, Sinking Fund စတာတွေရှိတတ်ပါတယ်။
အခန်းဝယ်ရန်ငွေကို ထိုင်းနိုင်ငံပြင်ပမှ foreign currency ဖြင့် လွှဲဝင်လာရန် လိုအပ်ပါတယ်။
Bank document ပေါ်ရှိ buyer name နှင့် condo purchase purpose ကို စစ်ဆေးရပါမယ်။
Land Office transfer အတွက် FET Form သို့မဟုတ် bank certificate လိုအပ်နိုင်ပါတယ်။
Budget ကို staged payment နဲ့ ထိန်းချုပ်ချင်သူ၊ brand-new facilities လိုချင်သူ၊ future completion value ကို မျှော်လင့်သူများအတွက် သင့်တော်နိုင်ပါတယ်။
Down payment နဲ့ construction period installment ကို plan လုပ်နိုင်ပါတယ်။
Lobby, pool, gym, co-working, smart access စတဲ့ facilities အသစ်ရနိုင်ပါတယ်။
အခန်း condition ကို တကယ်ကြည့်ချင်သူ၊ တက်နေချင်သူ၊ သို့မဟုတ် investment အတွက် ချက်ချင်း rent out လုပ်ချင်သူများအတွက် ပိုသင့်တော်နိုင်ပါတယ်။
Buying purpose ကို အရင်သတ်မှတ်မှ location, room size, budget, developer, facilities နှင့် exit plan ကို မှန်ကန်စွာရွေးနိုင်ပါမယ်။
နေထိုင်ရန်ဆို room comfort, daily convenience, supermarket, hospital, school, transport ကို အဓိကထားပါ။
ငှားရမ်းရန်ဆို station distance, tenant demand, yield, building brand, resale liquidity ကို အဓိကထားပါ။
Daily living အတွက် usable layout, storage, kitchen, balcony, natural light ကိုစစ်ပါ။
Shopping Mall, Lotus's, Big C, supermarket, restaurant အနီးအနား ရှိမရှိကြည့်ပါ။
မိသားစုနေထိုင်မှုအတွက် hospital / clinic access က comfort factor ဖြစ်ပါတယ်။
မြို့လယ်မနီးရင်တောင် BTS/MRT, road access, budget fit ကို balance လုပ်ပါ။
ဘန်ကောက်မှာ Budget 2M THB ဝန်းကျင်ဖြင့် ရင်းနှီးမြှုပ်နှံပါက location နှင့် project ပေါ်မူတည်ပြီး Rental Yield 4% - 6%၊ တချို့ case တွင်ပိုမြင့်နိုင်ပါတယ်။
ဘန်ကောက်မှာ brand name က စကားပြောပါတယ်။ Listed / well-known developer project များသည် buyer trust, tenant trust, resale market နှင့် Capital Appreciation အတွက် အရေးကြီးပါတယ်။
Project အရေအတွက်များပြီး handover record ကောင်းတဲ့ developer များကို ဦးစားပေးစစ်ဆေးပါ။
SET listed developer များသည် governance, financing, buyer confidence အတွက် အားသာချက်ရှိနိုင်ပါတယ်။
Property management, juristic office, after-sales service က rental နှင့် resale quality ကို သက်ရောက်စေပါတယ်။
နာမည်ကြီး brand condo များသည် buyer / tenant များအတွက် ယုံကြည်မှုပိုမြန်စေပါတယ်။
Foreign Quota confirmed?
FET / bank transfer evidence ready?
Total cost calculated?
Own stay or investment?
Location matches purpose?
Developer background checked?
Rental / resale plan realistic?
အခန်းလှတာတစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ Freehold structure, quota, FET, cost, buying purpose, location, developer background အားလုံးကို စနစ်တကျ စစ်ပြီးမှ ဝယ်ယူသင့်ပါတယ်။
Cocoon Property Thailand က လူကြီးမင်းတို့၏ ထိုင်းနိုင်ငံ အိမ်ခြံမြေ၊ ကွန်ဒိုရွေးချယ်မှုများနှင့် ပတ်သက်၍ “အခမဲ့” consultation ပြုလုပ်ပေးခြင်း၊ project tour များ လိုက်လံပြသပေးခြင်း၊ After-Sales Service အနေဖြင့် အမည်ပေါက် ownership transfer ရရှိသည်အထိ ဆောင်ရွက်ပေးခြင်း၊ investor လူကြီးမင်းတို့အတွက် Rental Management အထိပါ ဆောင်ရွက်ပေးပါသည်။